Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၌ တန်(၉၀)ကျ အဆင့်မြင့်ဆန်စက်နှင့် တန် (၁၂၀)ကျ စပါးအခြောက်ခံစက် ဖွင့်လှစ်


01 Jan,2024

နေပြည်တော် ဇန်နဝါရီ ၁

          (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင် မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ တန်(၉၀)ကျ အဆင့်မြင့်ဆန်စက်နှင့် တန်(၁၂၀)ကျ စပါးအခြောက်ခံစက် ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးမျိုးဆွေ၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးတို့က တန်(၉၀) ကျ အဆင့်မြင့်ဆန်စက်နှင့် တန်(၁၂၀)ကျ စပါး အခြောက်ခံစက်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါ သည်။

ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းတို့က တန်(၉၀)ကျအဆင့်မြင့်ဆန်စက်နှင့် တန်(၁၂၀)ကျ စပါးအခြောက်ခံစက် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမွေးနံ့သာရည် ပက်ဖျန်းပေးပြီးနောက် အဆင့်မြင့်ဆန်စက်နှင့် စပါးအခြောက်ခံစက်တို့အား လှည့်လည်ကြည့်ရှု စစ်ဆေးကြပါသည်။

          ထို့နောက် အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်မှချမှတ်ထားသော စီးပွားရေး ဦးတည်ချက်(၃)ရပ်အနက် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့်  ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး ဟူသောအချက်ကို  အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့ ဝန်ကြီး ဌာနအနေဖြင့် အဆိုပါ စီးပွားရေးဦးတည်ချက်ကို ဖော်ဆောင်ရာတွင် တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုနိုင်ရေး တတ်စွမ်းသမျှဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှလည်း "ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ သမဝါယမစနစ်ဖြင့် သွားသည့် ကုန်ထုတ်လုပ်မှုကိုသွားနိုင်ရန် လိုအပ်ကြောင်း၊ မိမိတို့ နိုင်ငံတွင် ယခင်က သမဝါယမစနစ်ကို ကျင့်သုံးခဲ့ပြီး အချို့ဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း သမဝါယမစနစ်ကို ကျင့်သုံးလျက်ရှိပါကြောင်း၊ သမဝါယမစနစ်ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများ ဆောင်ရွက်မှုကို ပိုမိုတိုးတက်စေမည်ဖြစ်ပြီး စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံး၍ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း" ဟု လမ်းညွှန်မှာကြား ခဲ့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း။

            ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင် အောင်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းနှင့် နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်နိုင်စေရေး၊ ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေး၊ စပါးအထွက်နှုန်းတိုးတက်စေရေးကို နိုင်ငံတော်အစိုးရမှ အားပေးဆောင်ရွက် လျက်ရှိသကဲ့သို့ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ဒေသခံတောင်သူများ အရည်အသွေး ကောင်းမွန်သောအထွက်တိုးစပါးများ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်များရရှိရေး  ပံ့ပိုးဆောင်ရွက်လျက် ရှိပါကြောင်း၊ အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ပြည်နယ်အတွင်း စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသော သမဝါယမအသင်းများကို မတည်ထောက်ပံ့ ပေးထား တာကိုလည်း တွေ့ရှိရပါကြောင်း၊  ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းအသင်း လီမိတက်၏ တန်(၉၀)ကျဆန်စက်နှင့် တန်(၁၂၀)ကျ စပါးအခြောက်ခံစက်ကြီးဖြစ်ပေါ်လာရေး အတွက် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့သော အောင်သဇင်အထွေထွေစီးပွား လုပ်ငန်းသမဝါယမ အသင်း၊ ပြည်နယ်အတွင်းရှိ သမဝါယမအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုများအား (၉)လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယင်းသို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းသည် သမဝါယမ၏ အနှစ်သာရကို ဖော်ဆောင်နေခြင်း ပဲဖြစ်ပါကြောင်း၊ ဒါကြောင့်မိမိတို့ သမဝါယမ အသင်းများအနေဖြင့် သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သာမက ဒေသတွင်း လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် အထောက်အကူ ပြုနိုင်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်း မှာကြားလိုပါကြောင်း ပြောကြားပါသည်။

          ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် အောင်မြင်ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခု တန်(၉၀)ကျ အဆင့်မြင့် ဆန်စက်နှင့် တန် (၁၂၀)ကျ စပါးအခြောက်ခံစက် တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဒေသတွင်း တောင်သူ လယ်သမားများမှ အရည်အသွေးကောင်းမွန်သည့် ဆန်စပါးများ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်း တိုးစေရေး ဆောင်ရွက်လျက်ရှိပြီး ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေသော သမဝါယမအသင်းသားများသို့ ငွေကျပ် ၁၅၄ ဒသမ ၆ သန်း မတည်ထုတ်ချေးပေးထားကြောင်း ပြောကြားပါသည်။

          ယင်းနောက် မြန်မာနိုင်ငံ ဆန်းစပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆန်စက် တည်ဆောက်နိုင်ခဲမှုအတွက် ကျေးဇူးတင်ဝမ်းမြောက်စကားနှင့် ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးက တန်(၉၀)ကျ အဆင့်မြင့် ဆန်စက်နှင့် တန်(၁၂၀)ကျ စပါးအခြောက်ခံစက်တည်ဆောက်ခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။

          အဆိုပါ ရွှေမြိုင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းအသင်းလီမိတက်၏ တန် (၉၀)ကျ အဆင့်မြင့်ဆန်စက်နှင့်  တန်(၁၂၀)ကျ စပါးအခြောက်ခံစက် တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ သည့်အတွက် မွန်ပြည်နယ်အတွင်း တောင်သူလယ်သမားများ၏ လယ်ယာမြေများမှ ထွက်ရှိ လာသော စပါးများအလေအလွင့်မရှိစေရေး အရည်အသွေးကောင်းမွန်သော ဆန်များကြိတ်ခွဲ ထုတ်လုပ်လာနိုင်မှာဖြစ်ပြီး ဈေးကွက်ရရှိရေး၊ အခြေခံတောင်သူ လယ်သမားများ၏ လူမှုစီးပွား ဘဝမြှင့်မားရေး၊ ပြည်သူများအတွက်ဝင်ငွေ တိုးပွားလာစေရေး၊ ဒေသတွင်းစားရေရိက္ခာ ဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ  ပေါ်ပေါက်လာစေရေးတို့ကို များစွာအထောက်အကူ ပြုနိုင်မှာ ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm