Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းမှ အောင်ပင်လယ်ကျေးရွာသို့ ဆက်သွယ်သောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


01 Jan,2024

ငဖဲ ဒီဇင်ဘာ ၂၉

            မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပဒါန်း - ငဖဲ - စေတုတ္တရာလမ်းမှ အောင်ပင်လယ်ကျေးရွာသို့ ဆက်သွယ်သောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာသန်းနှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့် အတူ ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းမှ အောင်ပင်လယ်ကျေးရွာသို့ ဆက်သွယ်သောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်မာသန်းက ဆောင်ရွက်ပြီး ကတ္တရာလမ်းကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားသည်။

        ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းမှ အောင်ပင်လယ်ကျေးရွာသို့ ဆက်သွယ်သော လမ်းအရှည် ခုနစ်ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက် လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ၂၄၃ ဒသမ ၃၅ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဇူလိုင်လ ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

         ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းမှ အောင်ပင်လယ်ကျေးရွာသို့ ဆက်သွယ်သောလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ဇီးတောကြီး၊ ပေါင်းကလေးနှင့် အောင်ပင်လယ်ကျေးရွာ ရှိ အိမ်ခြေ ၄၃၄ အိမ်မှ လူ ၁၇၇၁ ဦးတို့ ရာသီမရွေး သွားလာရလွယ်ကူနေပြီဖြစ်ကြောင်း  ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်