Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မချမ်းဘော့မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ငါးများ စနစ်တကျ မွေးမြူထားရှိ


01 Jan,2024

မချမ်းဘော့ ဇန်နဝါရီ ၁

          ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် နမ်ခမ်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေရယူ၍ ကျေးဇူးတော်ငါးမွေးမြူရေးလုပ်ငန်းသမဝါယမအသင်းက အသင်းသား ၁၈ ဦးသည် ငါးမွေးမြူရေးလုပ်ငန်းအားဆောင်ရွက်လျက်ရှိသည်။ အသင်းမှ မိုးကာကန် ၈ ကန်၊ မြေသား ကန် ၁၃ ကန်၊ စုစုပေါင်း ၂၁ ကန်တွင် ငါးခူကောင်ရေ ၁၂၉၈၅ ၊ ရွှေဝါငါးကြင်းကောင်ရေ ၅၀၀၀၊ တီလားဗီးယားကောင်ရေ ၁၇၀၀၊ ထိုင်းငါးခုံးမကောင်ရေ ၁၁၀၀၀၊ ငါးကြင်းဖြူကောင်ရေ ၂၇၃၁၅၊ ဒေသငါးကောင်ရေ ၃၅၀၀၊ စုစုပေါင်းငါးမျိုးစုံကောင်ရေ ၆၁၅၀၀ အား တစ်ရက်လျှင် ၃ ကြိမ် အစာများ ကျွေးမွေးကာ စနစ်တကျမွေးမြူထားရှိသည်။

ထို့ပြင် ငါးမွေးမြူရေးလုပ်ငန်းများ စနစ်တကျမွေးမြူအောင်မြင်စေရန်အတွက် သမဝါယမဦးစီး ဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ ပူးပေါင်း၍ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်သူများအား နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm