ဝိုင်းမော် ဒီဇင်ဘာ ၃၁
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သမဝါယမအသင်းစု၏ ဦးဆောင်မှုဖြင့် လယ်ယာအထောက် အကူပြုသမဝါယမလုပ်ငန်း ပေါင်ကမ်လားသမဝါယမအသင်းလီမီတက်၏ ၂၀၂၃ ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းခြင်းအခမ်းအနားကို ဝိုင်းမော်မြို့နယ်၊ ရပ်ကွက်(၅)ရှိ အသင်းသားတောင်သူ ဦးအေးလင့် ပိုင်ဆိုင်သော မုတ်လွဲကွင်းအမှတ် (၄၁)တွင် ကျင်းပခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံတောင်သူများတက်ရောက်ကြပြီး တက်ရောက်လာ သူများက တောင်သူဦးအေးလင့်ပိုင်ဆိုင်သည့် မိုးစပါးစိုက်ပျိုးလယ်ယာမြေတွင် စိုက်ပျိုးထားရှိသည့် GW- 11 စပါးမျိုးအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ GW- 11 စပါးမျိုးသည် သက်တမ်းတို အထွက်တိုးစပါးမျိုးဖြစ်ကာ ယခုစံကွက်ရိတ်သိမ်း ရာ၌ အစိုတစ်ဧက(၁၄၅)တင်း နှုန်းထွက်ရှိပြီး အခြောက်တစ်ဧက တင်း(၁၃၀)အထိ ထွက်ရှိကြောင်း စိစစ်တွေ့ရှိရပြီး စိုက်ပျိုးရက်မှာ ၂၀၂၃ခုနှစ် စက်တင်ဘာလဆန်းမှ စိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာလတွင် ရိတ်သိမ်းနိုင်ခြင်းကြောင့် သက်တမ်း(၃)လသာကြာမြင့်ပြီး ဒေသခံတောင်သူများအတွက် အကျိုးပိုမို ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဖြူစင်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်