Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဆင်း


29 Dec,2023

မိတ္ထီလာ ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်နှင့်  မိသားစုဝင်များတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းဆင်းပွဲအခမ်းအနားကို  (၂၈.၁၂.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက စည်ပင်သာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပါသည်။

ဆက်လက်၍ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချခဲ့သည့်  သံဂဟေဆက်နည်းများကို စ လက်တွေ့လုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချကြစေလိုကြောင်း ပြောကြားပြီး သင်တန်းကာလ ပြီးမြောက်အောင်တင်ရောက်ခဲ့သော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပါသည်။

 

အဆိုပါ  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သံဂဟေဆက်သင်တန်းကို မိတ္ထီလာမြို့နယ် စည်ပင်သာကျေးရွာရှိ သင်တန်းသား(၁၅)ဦးအား ကျွမ်းကျင်နည်းပြနှစ်ဦးက သံဂဟေဆက်နည်းများကို ယခုလ ၁၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၁၅ ရက်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း မိတ္ထီလာမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm