နေပြည်တော် ဒီဇင်ဘာ ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မျိုးဆွေတို့သည် ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် မုဒုံမြို့နယ်တို့အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးရွာဟောင်းကျေးရွာ နှင့် ရိုးဂိုးရွာသစ်ကျေးရွာတို့ရှိ တောင်သူများ၏ စပါး၊ နေကြာနှင့် အခြားသီးနှံ စိုက်ပျိုး မြေဧက ၆၀၀ ကျော်ကို အကျိုးပြုပေးနိုင်မည့် ရိုးဂိုးရွာဟောင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ် ပြီးစီးမှုအခြေအနေများကို ရောက်ရှိကြည့်ရှုစစ်ဆေးရာ မော်လမြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ကုန်ထုတ်လမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွားစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရေး၊ လူနေမှုအဆင့် အတန်းမြင့်မားပြီး စီးပွားရေး ခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမ အသင်းများဖွဲ့စည်း၍ စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် အားလုံး ပူးပေါင်းလုပ်ဆောင်ကြရန်လိုအပ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပြီးနောက် ကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ကျေးရွာ လမ်းကော်မတီဝင်များ၊ ဒေသနေပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရမှ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးဖြစ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွာ နှစ်ရွာ၊ အိမ်ခြေ ၁၆၅၀ အိမ် ၊ လူဦးရေ ၆၇၈၆ ဦးတို့ကို အကျိုးပြုပေးနိုင်မည့် မော်လမြိုင်-မုဒုံ-သံဖြူဇရပ် ကားလမ်းမကြီးမှ သာမညစင်္ကြာ တောင်သို့ ဆက်သွယ်သောလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူးက လုပ်ငန်း များ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီအောင် ကြီးကြပ်ဆောင်ရွက်ရန်နှင့် ကျေးရွာ လမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးမှ လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်း ထိန်းသိမ်းကြရန်ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မုဒုံမြို့ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ကာလရှည်သင်တန်း အဖြစ် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်းသူ(၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်း ၊ ကာလတိုသင်တန်းအဖြစ် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ သဘာဝဆိုးဆေးနည်း သင်တန်း ဖွင့်လှစ်ပို့ချနိုင်မှု အခြေအနေများကိုရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် အိုးမကွာ၊ အိမ်မကွာဖြင့် မိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်လိုသော အမျိုးသမီးများ၊ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှု မရှိခဲ့သည့် လူငယ်လူရွယ်များကို အသက်မွေး ဝမ်းကျောင်းပညာရပ်များ အမှန်တကယ် သင်ကြား တတ်မြောက်စေပြီး ကိုယ်ပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိကလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း ဖြင့် ဝင်ငွေများရရှိစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းများပြီးဆုံးပါက အမှန်တကယ် လုပ်ငန်းလုပ်ကိုင် လိုသူများကို လုပ်ငန်းသုံးပစ္စည်းများ မတည်ရင်းနှီးပေးမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းမှ သင်တန်းဆင်း သင်တန်း သား သင်တန်းသူများအား အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီး သင်တန်းနည်းပြများ၊ သင်တန်းသူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)သို့ ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ကျောင်းအုပ် ဆရာမကြီးက သင်တန်းကျောင်း၌ ပထမနှစ်၊ ဒုတိယနှစ်၊ ကျောင်းသား ကျောင်းသူများ တက်ရောက်မှု အခြေအနေများ၊ သင်ကြားပို့ချနေမှု နည်းစနစ်များ၊ သင်တန်းကာလ ၂ နှစ် ပြီးဆုံးသည့် ကျောင်းသားကျောင်းသူများ အလုပ်အကိုင်ရရှိရေး Job Fair ပြုလုပ်ပေးမည့် အစီအစဉ်များ၊ ကျောင်းသားကျောင်းသူများအတွက် စာသင်ဆောင်၊ သင်တန်းသား အိပ်ဆောင်၊ စားသောက်ရေးစီစဉ်ပေးထားမှုများနှင့် သင်တန်းကျောင်းအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများ အနေဖြင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားကြပြီး စာကြိုးစားကြရန်မှာကြား လိုပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း ကျောင်းသားကျောင်းသူများ အမှန်တကယ် တတ်မြောက် စေရေး၊ စွမ်းရည်များပြည့်ဝစေရေးအတွက် ကြိုးစားသင်ကြားပေးရန် လိုအပ်ကြောင်း၊ သင်တန်း ကာလ ၂ နှစ် ပြည့်မြောက်မည့် ကျောင်းသားကျောင်းသူများအနေဖြင့် သတ်မှတ်အရည်အချင်း ပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက် နိုင်ကြောင်း၊ ကျန်ရှိသည့် ကျောင်းသားကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်းကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သည့် စည်းကမ်း ရှိသော ကျောင်းသား ကျောင်းသူများ၊ နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဌာန၏ လုပ်ငန်းတာဝန်များကို စေတနာထား ဆောင်ရွက်ရန်နှင့် ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဥပဒေ၊လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်းမှာကြားပြီး ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် သင်တန်း ကျောင်းအတွင်း သံကူကွန်ကရစ်နှစ်ထပ် သင်တန်းသားဆောင် တည်ဆောက်နေမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။