Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ဆက်


30 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၂၉

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန် ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သော သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်၍ တက္ကသိုလ်၏ မျှော်မှန်းချက်ဖြစ်သော နိုင်ငံ့စီးပွားမြင့်မားရေး အတွက် ကုန်သွယ်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများတွင် အရည်အသွေး ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်လာစေရေး ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်း မှာကြားသည်။

          ယင်းနောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ကျောင်းအုပ်ဆရာမကြီး ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမြင့်စိုးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ် ဝင်ခွင့် ရရှိသူများအနက် ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများအားလည်းကောင်း၊ ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်း၊ ဒုတိယပါမောက္ခချုပ် ဦးဝင်းနိုင်ထွန်းက လွတ်လပ်ရေးနေ့အကြို ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် မဟာတန်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသူတစ်ဦးက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ မောင်မယ်သစ်လွင်များ ကိုယ်စား ပထမနှစ် ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)မှ ကျောင်းသားကျောင်းသူ များက “မြကျွန်းညိုညိုတက္ကသိုလ်၊ စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ် ရှိနေမယ်၊ မင်္ဂလာပါ၊ ထာဝရသစ္စာ၊ မျှော်လင့်နေတုန်း ပျို့ဖုန်းလှမ်းခဲ့ပါ၊ နားပန်းဆံ” စသည့်သီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဆရာဆရာမများနှင့် ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် Green House စနစ်ဖြင့် ခရမ်းချဉ်၊ ဆလပ်၊ ငရုတ် စိုက်ပျိုးရေး လုပ်ငန်း ဆောင်ရွက်မည့်နေရာကိုလည်းကောင်း၊ တက္ကသိုလ်ဓမ္မာရုံ ပြုပြင်တည်ဆောက်မည့်နေရာကို လည်းကောင်း၊ တက္ကသိုလ်ဘောလုံးကွင်းအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် စစ်ကိုင်းမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသို့ သွားရောက်ကာ ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး တစ်ဦးချင်းအခက်အခဲများကို မေးမြန်း၍ မိမိတို့ဝန်ထမ်းဘဝ မြင့်မားတိုးတက်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေကြိုးစားကြရန် တိုက်တွန်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော အခြေခံစက်ချုပ်သင်တန်း အောင်မြင်ပြီးသည့် ကန်ကြီထောင့် ကျေးရွာနှင့် ဆင်တပ်ကျေးရွာတို့မှ သင်တန်းသူများနှင့်တွေ့ဆုံကာ သင်ယူတတ်မြောက်ထားသော ပညာရပ်များဖြင့် ဝင်ငွေတိုးအသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို စုပေါင်းလုပ်ဆောင်ကြရန် မှာကြားကာ ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm