Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငပုတောမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်


29 Dec,2023

ငပုတော ဒီဇင်ဘာ ၂၉ရက်
 
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်လမ်းများရရှိစေရန်နှင့်မိသားစုဝင် ငွေများတိုးပွားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်ပွဲကို (၂၉.၁၂.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားသည်။
 
ဆက်လက်၍ ငပုတောမြို့နယ်ကျေးလက်ဒေ သဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်းက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်လှစ်ပေးရခြင်း၏ရည်ရွယ်ချက်များ၊ ရရှိလာမည့် အကျိုး ကျေးဇူးများ၊ သင်တန်းက သင်ကြားပို့ချပေးမည့် သင်ခန်းစာ များကို ကြိုးစားသင်ယူကာ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိအောင် ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြက သင်တန်း စည်းမျဉ်းစည်းကမ်းများနှင့် သင် ကြားပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။
 
ထို့နောက် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့်တာဝန်ရှိသူများက သင်တန်း သားများထံ သင်ထောက်ကူပစ္စည်းများကို သို့ လွှဲပြောင်းပေးအပ်သည်။ 
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု  လျှပ်စစ်သံဂဟေဆက်သင်တန်းသို့ ငပုတောမြို့နယ် အတွင်းရှိကျေးရွာများမှ သင်တန်းသား၂၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် သင်တန်းနည်းပြများက  လျှပ်စစ်သံဂဟေဆက်နည်းများနှင့်ပတ်သတ်သည့် သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ ဖြင့် ယနေ့မှ ဇန်နဝါရီလ ၁၅ရက်ထိ အခမဲ့သင်ကြားပေး မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm