မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် အမရပူရမြို့နယ်၊ ဝဲကြီးဆင်ကျေးရွာ၌ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ဝဲကြီးဆင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး လိုအပ်သည်များ ဖြည့်စွက်မှာကြားပါသည်။
အဆိုပါ ဝဲကြီးဆင်ကျေးရွာ မြေထိန်းနံရံ အရှည် ၁၁၀ ပေ၊ အကျယ် နှစ်ပေ၊ အမြင့် ၁၄ ပေ ကျောက်ရိုးစီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၅၀ ၊ ကျေးရွာနေပြည်သူထည့်ဝင်ငွေကျပ်သိန်း ၃၀၊ စုစုပေါင်းငွေကျပ်သိန်း ၁၈၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်ပြီး ကျေးရွာသူ ကျေးရွာသား များကိုယ်တိုင် နိုဝင်ဘာလ ပထမအပတ်မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်ထံမှသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်