ပုဗ္ဗသီရိ ဒီဇင်ဘာ ၂၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်လျက်ရှိသည့် ဥယျာဉ် ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ ပြန်လည်ဖွဲ့စည်း ခြင်းကို ဒီဇင်ဘာ ၂၈ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းလက်စွဲစာစောင်ပါ ကော်မတီဝင်ရွေးချယ်ရာတွင် လိုက်နာရန်အချက်များနှင့် ကော်မတီဝင်များ၏ တာဝန်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများက မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍သိရှိလိုသည်များကို ဆွေးနွေးတင်ပြရာ မြို့နယ်ဦးစီးမှူး က ပြန်လည် ရှင်းလင်းပြောကြားသည်၊၊
ထို့နောက် ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာသူ၊ ကျေးရွာသားများက အများသဘောဆန္ဒ နှင့်အညီ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ခုနှစ်ဦးကို ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်