Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ် သညန်းကျေးရွာ၌ လျှပ်စစ်မီးသွယ်တန်းခြင်းနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပပြုလုပ်


29 Dec,2023

ကံမ       ဒီဇင်ဘာ       ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သညန်းကျေးရွာ၌ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း ၄၀၀ ဗို့ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းခြင်းနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ 

အခမ်းအနားတွင် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ဦးအုန်းဌေးက အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သညန်းကျေးရွာသူ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက  ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းဌေး၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအုန်းဌေး၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်-၁) ဗိုလ်မှူးဖြိုးမင်းကျော်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်-၂) ဦးမြင့်ရွှေနှင့် ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးတို့က ၄၀၀ ဗို့ လျှစ်စစ်ဓာတ်အားလိုင်းနှင့် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၊ သညန်းကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ထောက်ပံ့ငွေကျပ် ၁၅ သန်းနှင့် ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း ၄၀၀ ဗို့ လျှပ်စစ်ဓာတ်အားလိုင်းအရှည် ၁၀၅၀ ပေနှင့် ရွာတွင်းလမ်းအရှည် ၃၁၀ ပေ အကျယ် ၁၂ ပေ အမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ခရိုင်နှင့် မြို့နယ်ကျေးလက်၏ နည်းပညာပံ့ပိုးမှုနှင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကံမမြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm