Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းပန်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲကျင်းပ


29 Dec,2023

မိုင်းပန် ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း ပထမအကြိမ်သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ကျေးလက်နေပြည်သူများ၏ မိသားစုတစ်ဦးချင်းအလိုက် အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြင့် ဝင်ငွေတိုးပွားလာစေရန်၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရာတွင် ဝင်ငွေပုံမှန်ရရှိရန်လိုအပ်ပြီး ကိုယ်ပိုင်ဝင်ငွေရရှိနိုင်ရေး အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ ယခုလို သင်တန်းဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်းသင်တန်းသားများအနေဖြင့် သင်တန်းကသင်ကြားပေးသော အတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချစေလိုကြောင်းနှင့် လက်သမား၊ ပန်းရံဆိုင်ရာ နည်းပညာများကို မိမိတို့ကျေးရွာတွင် လုပ်ငန်းများ ဆောင်ရွက်သည့်အခါ လက်တွေ့အသုံးချ၍ မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းနုနှင့် မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းတို့က သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး လက်တွေ့နယ်ပယ်တွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လွှ၊ တူ၊ ပေကြိုးဘူး၊ သံလျှက်၊ စသည့်ပစ္စည်းများ ထောက်ပံ့ပေးသည်။
အဆိုပါသင်တန်းသို့ မိုင်းပန်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသားစုစုပေါင်း ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက လက်သမား၊ ပန်းရံဆိုင်ရာ သင်ခန်းစာ၊ ဘာသာရပ်များကို စာတွေ့ လက်တွေ့ နှစ်မျိုးဖြင့် ယခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ယနေ့ထိ ၁၅ ရက်ကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးဖြင့်လည်းကောင်း၊ လက်သမား၊ ပန်းရံသင်တန်း ပထမအကြိမ်ကို သင်တန်းသား ၁၀ ဦးဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး လက်ရှိတွင် လက်သမား၊ ပန်းရံသင်တန်း ဒုတိယအကြိမ်ကို သင်တန်းသား ၁၀ ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးနေကြောင်း မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းက ပြောပြ၍ သိရသည်။
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်