Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လဲချားမြို့နယ် နောင်မွန်းကျေးရွာ၌ ရွာတွင်းသဲပြုန်းလမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး


27 Dec,2023

လဲချား ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃−၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် နောင်မွန်းကျေးရွာ၌ ရွာတွင်းသဲပြုန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်း၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းကော်မတီဝင် များနှင့်အတူ လဲချားမြို့နယ် နောင်မွန်းကျေးရွာ၌ လမ်းအရှည်ပေ ၉၉၀၊ အကျယ် ၁၂ ပေနှင့်အမြင့် သုံးပေရှိ ရွာတွင်းသဲပြုန်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
လဲချားမြို့နယ် နောင်မွန်းကျေးရွာ၌ ရွာတွင်းသဲပြုန်းလမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေကျပ် ၁၅ သန်းအသုံးပြု၍ လဲချားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ ကျေးရွာသာများကိုယ်တိုင် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ စတုတ္ထပတ်ကစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၉၂ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းက ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm