ဝါးခယ်မ ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ပြည်ထောင်စု/ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ထက်ဝေသစ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသော ပဆင မှ မဲဇလီရွာဝင်(၀/၅ မိုင် x ၁၄' x ၁၄") ကျောက်ချောခင်းခြင်းလုပ်ငန်းနှင့် Tun Tun Aye ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသော ပဆငမှ ကြခတ်ကုန်း- ကျောင်းစု - ကလလမ်း (ဝ/၂.၆ မိုင်×၁၂"x၇") ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်းက ဒီဇင်ဘာ ၂၂ ရက်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကျေးရွာချင်းဆက် ပဆငမှ မဲဇလီရွာဝင် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက မဲဇလီကျေးရွာ၊ အူကျွန်းကျေးရွာ၊ ရေလိန်ကျေးရွာအပါအဝင် ကျေးရွာ ခုနစ်ရွာရှိ အိမ်ခြေ ၃၅၀ မှ လူဦးရေ ၁၂၂၅ ဦးကို လည်းကောင်း၊ ပဆငမှ ကြခတ်ကုန်း - ကျောင်းစု - ကလလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကြခတ်ကုန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ကလကျေးရွာ၊ ကြဖြူကျေးရွာ အပါအဝင် ကျေးရွာ ၃၀ ရှိ အိမ်ခြေ ၁၅၀၀ မှ လူဦးရေ ၅၂၅၀ ကိုလည်းကောင်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများစွာကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ဝါးခယ်မ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်