မော်လမြိုင် ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေမြိုင်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းမှ တန် ၉၀ ကျဆန်စက်အတွက် စပါးဝယ်ယူကြိတ်ခွဲရေးလုပ်ငန်းများကို စတင်ဆောင်ရွက် လျက်ရှိပြီး သထုံမြို့နယ်ရှိ သမဝါယမအသင်းသားများနှင့်တောင်သူများ၏ လယ်ယာမြေများမှ ထွက်ရှိသည့် မိုးစပါးများကို သထုံမြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ချိတ်ဆက်၍ စပါးတင်း ၅၅၀ ကို ဒေသပေါက်ဈေးဖြင့် ဝယ်ယူလျက်ရှိသည်။ ထို့ပြင် ပြည်နယ် အတွင်းရှိ အခြားမြို့နယ်များမှ ထွက်ရှိသည့် စပါးများဝယ်ယူနိုင်ရေး သမဝါယမအသင်းများနှင့် ချိတ်ဆက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်