ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပေသလပ်ကုန်း-ပြင်ရွာ ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဒီဇင်ဘာ ၂၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တာဝန်ခံ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ မြောင်းမြခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သန္တာဝင်း၊ မြောင်းမြမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်ခင်နိုင်နိုင်ဝင်း တို့နှင့်အတူ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါလုပ်ငန်းအား ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် KKP-Tellus Co.,Ltd မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အရှည် ၀/၄ မိုင် အကျယ် ၁၂ ပေ ထု ၇ လက်မ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ရာ ကျေးရွာ ၁၉ ရွာ၊ လူဦးရေ ၁၉၇၆၈ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးကို များစွာအကျိုးပြုမည်ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်