Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရုံးတောကျေးရွာ သမဝါယမအသင်း၏ ရုရှားနေကြာမျိုးစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု


26 Dec,2023

နေပြည်တော် ဒီဇင်ဘာ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့မွန်းလွဲပိုင်း က တာဝန်ရှိသူများလိုက်ပါလျက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရော့စ်ကွန်ကရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လယ်ဝေး မြို့နယ်၊ မြွေရိုးကျောင်းစုကျေးရွာအုပ်စု၊ ရုံးတောကျေးရွာရှိ ရွှေဝါထွန်း (၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ အသင်းပိုင်မြေ ၁၅ ဧကပေါ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က စမ်းသပ် စိုက်ပျိုးခဲ့သော ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Norma ၊ Bravo ၊ Excellent မျိုး (၆) ဧက၊ မြန်မာနိုင်ငံမှ ရေဆင်း-၂ နေကြာမျိုး (၉) ဧက စိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသူအသင်းသားများနှင့်တွေ့ဆုံကာ ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး၊ ယခု ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပြီးပါက နွေစပါးစိုက်ပျိုးရေးအတွက် အထွက်တိုးမျိုးစပါးများ ရရှိရေး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ပေးထားသော ရေကို အကျိုးရှိရှိ အသုံးချရေး တိုက်တွန်းမှာကြားသည်။

ယင်းနောက် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများ စိုက်ပျိုးထားသော နေကြာစိုက်ခင်းများကိုလည်းကောင်း၊ ရေမြောင်းမှ နွေရာသီ အောင်ရေ ရရှိရေးအတွက်လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် အိမ်ခြေ (၃၄၂) အိမ်၊ လူဦးရေ (၁၃၄၆) ဦး၊ စိုက်ပျိုးမြေ (၆၀၂) ဧကအား အကျိုးဖြစ်စေမည့် ရုံးတောကျေးရွာ ကျေးရွာတွင်းလမ်း ပေ (၁၃,၀၀၀) ရိစာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်ပြီး ကျေးရွာသူကျေးရွာများနှင့်တွေ့ဆုံကာ စပါးစိုက်တောင်သူများ၏ စိုက်ဧကများ အထွက်တိုးရေး အတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm