Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး


26 Dec,2023

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၄

            ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဒီဇင်ဘာ ၂၂ ရက်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ်မှ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်မို့မို့သန့်နှင့် တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များနှင့် အတူ စခန်းကြီးကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

            အဆိုပါ မော်ကျွန်း-ရန်ကုန်ကားလမ်းတာမှ စခန်းကြီး-ပုတီးရိုး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသည် အရှည်ပေ(၀/၃ မိုင်)၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၃၅ ဒသမ ၈၂ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြီးကြပ်၍ တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အကျိုးပြု ကျေးရွာအုပ်စု ခြောက်အုပ်စုရှိ ကျေးရွာ ၂၆ ရွာနှင့် အိမ်ခြေ ၂၃၈၅ အိမ်နှင့် လူဦးရေ တစ်သောင်းကျော်အား အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မော်ကျွန်း(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm