Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဟင်္သာတမြို့နယ်အတွင်း လမ်းတံတားလုပ်ငန်းများ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


26 Dec,2023

ဟင်္သာတ ဒီဇင်ဘာ ၂၄

             ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဟင်္သာတမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ထူးဧကရီကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော ပဲကြီးကျွန်း-ပေါက်တပင်-ဆိပ်သာ-ကြွက်ကျွန်းလမ်းပေါ်ရှိ တံတားအမှတ်(၁) ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းနှင့် မြတ်ပဒုမ္မာမင်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော ပဲကြီးကျွန်း-ပေါက်တပင်-ဆိပ်သာ-ကြွက်ကျွန်းလမ်းပေါ်ရှိ တံတားအမှတ်(၂) ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းတို့ကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ ဟင်္သာတခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကိုကိုသိန်းဇော်လင်း၊ ဟင်္သာတမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးရဲနီလင်းတို့နှင့် အတူ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

            အဆိုပါလုပ်ငန်းများဖြစ်သော တံတားအမှတ်(၁) တည်ဆောက်ခြင်းအား ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၆၃ ဒသမ ၃၁၂ သန်းဖြင့် လည်းကောင်း၊ တံတားအမှတ်(၂) တည်ဆောက်ခြင်းအား ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၆၃ ဒသမ ၄၅ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၃၇ ရွာ၊ အိမ်ခြေ ၆၁၇၉၊ လူဦးရေ ၂၅၁၄၁ တို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးကို များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm