Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘဏ္ဍာရေးဆိုင်ရာအသိပညာပေး(စတုတ္ထအကြိမ်)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


22 Jun,2022

နေပြည်တော်၊ ဇွန် ၂၂

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၀)ဖြင့် ဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့် မဲခေါင်ဒေသရှိ သမဝါယမအသင်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်စေရန်အတွက် ဖွင့်လှစ်သော ဘဏ္ဍာ‌ရေးဆိုင်ရာအသိပညာပေး(စတုတ္ထအကြိမ်)သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့က သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ညှိနှိုင်းအစည်းအဝေးခန်းမ၌ Online စနစ်ဖြင့် ကျင်းပခဲ့ရာ သမဝါယမဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည် နှင့်တာဝန်ရှိသူများ၊ သင်ကြားပို့ချမည့်ဆရာ၊ ဆရာမများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်မှ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများကို လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို Online မှ တစ်ဆင့် Zoom Application ဖြင့် (၂၀-၆-၂၀၂၂)မှ (၂၈-၆-၂၀၂၂) ရက်နေ့ထိ သင်တန်းသား/သူ (၁၂၅)ဦးဖြင့် နံနက်  (၉:၃၀) နာရီမှ နေ့လည်(၁၂:၂၀) နာရီထိ (၇)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သမဝါယမဦးစီးဌာနအဆင့်ဆင့်ရှိ ဌာနဝန်ထမ်းများ၊ သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်းအမှုဆောင်များနှင့် အသင်းဝန်ထမ်း များအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm