Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာ၌ မီးလင်းရေးလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


27 Dec,2023

ဘုတ်ပြင်း ဒီဇင်ဘာ ၂၇
တနင်္သါရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာ၌ ဆိုလာအသေးစားဓါတ်အားပေးစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၂၆ ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းနှင့် တာဝန်ရှိသူများက ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးကျေးရွာ၌ ဆိုလာအသေးစားဓါတ်အားပေးစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Power House ၊ Ground Screw Installation ၊ Distribution Line နှင့် Household wiring လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက ကျေးရွာရပ်မိရပ်ဖများ၊ မီးလင်းရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဌာန၊ ကုမ္ပဏီနှင့် ကျေးရွာက ပေါင်းစပ်ဆောင်ရွက်ရမည့် အခန်းကဏ္ဍများ၊ ကျေးရွာမှ တင်ပြသည့် ဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ ဆိုလာအသေးစားဓါတ်အားပေးစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများကို စီမံကိန်းထောက်ပံ့ငွေ (မဲခေါင်-လန်ချန်း အထူးရန်ပုံငွေနှင့် ဦးစီးဌာနဘတ်ဂျက်) ၆၀ ရာခိုင်နှုန်း၊ ကုမ္ပကီမှ ရင်းနှီးမြှုပ်နှံငွေ ၂၀ ရာခိုင်နှုန်း၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ စုစုပေါင်းရန်ပုံငွေ USD-827700 အသုံးပြု၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ၏ ၄၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း၊ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကံမော်ကြီးကျေးရွာပြည်သူများ လျှပ်စစ်မီးရရှိသည့်အပြင် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် အသေးစား၊ အကြီးစား ကုန်ထုတ်လုပ်ငန်းများကို အထောက်အကူပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်