Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် အမှတ်(၁)အဆင့်မြင့်စံပြဈေးကုန်ထုတ်လမ်း ဖောက်လုပ်နေမှု စစ်ဆေး


27 Dec,2023

ဘားအံ   ဒီဇင်ဘာ   ၂၇

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် အမှတ်(၁)အဆင့်မြင့်စံပြဈေး ကုန်ထုတ် လမ်း ဖောက်လုပ်နေမှုကို ဒီဇင်ဘာ ၂၆ရက် နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအဲဖောင်အွာနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ အမှတ်(၁)အဆင့်မြင့်စံပြဈေး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအဲဖောင်အွာက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။

ဘားအံမြို့နယ်၌ အမှတ်(၁)အဆင့်မြင့်စံပြဈေး ကုန်ထုတ်လမ်း အရှည် နှစ်ဖာလုံ၊ အကျယ် ၁၂ပေ ၊ အမြင့် နှစ်ပေ ကိုးလက်မရှိ အောက်ခံလွှာကျောက်ရောမြေခင်းခြင်းနှင့် ဂဝံလမ်းခင်းခြင်း လုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၇ ဒသမ ၄၅၃သန်းဖြင့် ဇော်ထွေးကုမ္ပဏီက ယခုနှစ် ဇွန်လ တတိယပတ်က စတင်ဆောင် ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအဲဖောင်အွာက ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်