အိမ်မဲ ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရန်ပုံငွေဖြင့် ဖြူစင်သူကုမ္ပဏီနှင့် ခြူးဝတီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တကော-ဝါးသမိန်လမ်း အပိုင်း(၁)နှင့် အပိုင်း (၂) ကျောက်ချောခင်းခြင်းလုပ်ငန်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က ဒီဇင်ဘာ ၂၄ ရက် တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုသည်။
အဆိုပါ ကျေးရွာချင်းဆက် ကျောက်ချောလမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ ငါးရွာ၊ အိမ်ခြေ ၅၈၅ အိမ်နှင့် လူဦးရေ ၂၅၂၆ ဦးတို့အား အကျိုးပြုမည်ဖြစ်သည်။
အိမ်မဲ (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်