မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မော်ကျွန်း-ကျိုက်လတ်ကားလမ်းတာမှ မစိုးရိမ်- ထနီး-သရက်ချောင်း-သစ်တိုဆိပ်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။
နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးချုပ်မှ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်မို့မို့သန့်နှင့် တာဝန်ရှိသူများ၊ အရည်အသွေးထိန်းသိမ်းရေးအဖွဲ့နှင့် ဝန်ထမ်းများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။
အဆိုပါ မော်ကျွန်း-ကျိုက်လတ်ကားလမ်းတာမှ မစိုးရိမ်-ထနီး- သရက်ချောင်း- သစ်တိုဆိပ်ကျေးရွာသို့ဆက်သွယ်သော ကျောက်ချောလမ်းသည် အရှည်(၀/၃မိုင်) အကျယ် ၁၆ ပေ ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၀၅ ဒသမ ၆ သန်းဖြင့် မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ကာ ကျေးရွာအုပ်စု နှစ်အုပ်စုရှိ အိမ်ခြေ ၁၂၅၀၊ လူဦးရေ ၄၂၀၀ ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်