Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ရွှေမြို့နယ် ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းလီမိတက်က အသင်းသားများအား စုဆောင်းငွေပေါ်အတိုးများ ပေးအပ်


27 Dec,2023

ညောင်ရွှေ ဒီဇင်ဘာ ၂၇

          ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၁၉ (Mini) မှ ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အ.ထ.က(၃) ညောင်ရွှေ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က အသင်းသားများအား ငွေစုငွေချေးလုပ်ငန်းပိုင်းဆိုင်ရာများပြောကြားခြင်း၊ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းပြောကြားခဲ့သည်။

          အခမ်းအနားတွင် အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း များဖတ်ကြားရှင်းလင်းခြင်း၊ ရှေ့လုပ်ငန်းစဉ်များအားချမှတ်ခြင်း၊ အတည်ပြုချက်များရယူ ဆောင်ရွက်ခြင်း တို့ကို ပြုလုပ်ပြီး အသင်းသား  ၂၂၃၃ ဦး အတွက် စုဆောင်းငွေပေါ်အတိုးငွေကျပ် ၂၉၀၈၁၈၅၄ နှင့် အသင်းသားထောက်ပံ့ငွေကျပ် ၄၄၆၈၀၀၀၀ ၊ စုစုပေါင်းငွေကျပ် ၇၃၇၆၁၈၅၄ အား အသင်းသားကိုယ်စားလှယ်များသို့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm