Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောက်မယ်မြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲ ကျင်းပ


24 Dec,2023

မောက်မယ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မိသားစုတစ်ဦးချင်းအလိုက် အသက်မွေးဝမ်းကျောင်း အတတ်ပညာဖြင့် ဝင်ငွေတိုးပွားလာစေရန်၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရာတွင် ဝင်ငွေပုံမှန်ရရှိရန်လိုအပ်ပြီး ကိုယ်ပိုင်ဝင်ငွေရရှိနိုင်ရေး အလုပ်အကိုင်နှင့် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းဆင်း သင်တန်းသားများအနေဖြင့် သင်တန်းကသင်ကြားပေးသော အတတ်ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချစေလိုကြောင်းနှင့် လက်သမား၊ ပန်းရံဆိုင်ရာ နည်းပညာများကို မိမိတို့ကျေးရွာတွင် လုပ်ငန်းများ ဆောင်ရွက်သည့်အခါ လက်တွေ့အသုံးချ၍ မိသားစုဝင်ငွေတိုးပွားအောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် လင်းခေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်နှင့် မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းတို့က သင်တန်းသားများကို လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် လွှ၊ တူ၊ ပေကြိုး၊ စသည့် လက်သမား၊ ပန်းရံ အသုံးအဆောင်ပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြသည်။
အဆိုပါသင်တန်းသို့ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသားစုစုပေါင်း ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြများက လက်သမား၊ ပန်းရံဆိုင်ရာ သင်ခန်းစာ၊ ဘာသာရပ်များကို စာတွေ့၊ လက်တွေ့နှစ်မျိုးဖြင့် ယခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၄ ရက်ထိ ၁၄ ရက်ကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm