မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် စေတုတ္တရာ-ငဖဲ မြို့နယ်ချင်းဆက်လမ်းမှ ကျောက်ဖူးကျေးရွာသို့ ဆက်သွယ်သော ကျေးလက်လမ်းဖောက်လုပ်ခြင်းနှင့် မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဒီဇင်ဘာလ ၂၄ ရက်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးယုလွင် နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ စေတုတ္တရာ- ငဖဲမြို့နယ်ချင်းဆက်လမ်းမှ ကျောက်ဖူးကျေးရွာသို့ ဆက်သွယ်သောလမ်း ဖောက်လုပ်ခြင်း၊ မြေနီခင်းခြင်းလုပ်ငန်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး မြို့နယ်ဦးစီးမှူးက လိုအပ်သည်များ မှာကြားသည်။
စေတုတ္တရာ-ငဖဲမြို့နယ်ချင်းဆက်လမ်းမှ ကျောက်ဖူးကျေးရွာသို့ဆက်သွယ်သော အရှည် ၁ မိုင် ၅ ဖာလုံ ကျော်ရှိ လမ်းဖောက်လုပ်ခြင်းလုပ်ငန်း၊ အကျယ် ၁၈ ပေ၊ ထု ၉ လက်မ မြေနီခင်းခြင်းလုပ်ငန်းနှင့် အရှည် ၅ ပေ၊ အမြင့် ၅ ပေရှိသော Box Culvert တစ်ခုတည်ဆောက်ခြင်းလုပ်ငန်းတို့ကို တိုင်းဒေသကြီးအစိုးရ ခွင့်ပြုငွေ ငွေကျပ် ၆၃ ဒသမ ၈ သန်းဖြင့် U-42 ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ကိုညို(ကျေးလက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်