Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Business Plan နှင့် ငွေစာရင်းရေးဆွဲနည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ အားသားချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေး ဖြေရှင်းခြင်းများဆောင်ရွက်


23 Dec,2023

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများဖြင့် မွေးထုတ်ပေးလိုက်သော လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်စေရန်၊ စာရင်းဇယားများ မှန်ကန်စွာရေးဆွဲတတ်ရန်နှင့် လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Business Plan နှင့် ငွေစာရင်းရေး ဆွဲနည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရှိ Incubation Centre ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ (၃) ရက်တာကာလအတွင်း ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အရာထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက Business Plan အကြောင်း၊ Business Plan ရေးဆွဲနည်း၊ Business Plan အမျိုးအစားများ၊ ဒီဂျစ်တယ် ဈေးကွက်စီးပွားရေးအကြောင်း၊ ဒီဂျစ်တယ်ဈေးကွက် စီးပွားရေး၏ အရေးပါမှု၊ ဒီဂျစ်တယ်ဈေးကွက် စီးပွားရေး၏ အကျိုးကျေးဇူးများ၊ ငွေစာရင်းရေးဆွဲနည်းတို့ကို အုပ်စု (၇) ခုဖွဲ့၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး အဖွဲ့အသီးသီးမှ Business Plan ကို လက်ရေးဆွဲခဲ့တင်ပြခဲ့မှုများ အပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က အားသာချက်၊ အားနည်းချက်များကို ညှိနှိုင်းဆွေးနွေးပြီး စီမံကိန်းနှင့်လိုက်လျော ညီထွေမှု ရှိ/မရှိ ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူး (စီမံကိန်း)က ဦးဆောင်၍ အုပ်စုတစ်စု၏ တင်ပြဆွေးနွေးချက်များအပေါ် ကျန်အုပ်စုများအနေဖြင့် သိရှိလိုသည့် အချက်များကို ပြန်လည်မေးမြန်းနှင့် လိုအပ်သည့်အချက်များကို ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲ တတိယမြောက်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အရာထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေပြင်၌ ကြုံတွေ့ရသည့် အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကို တင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများအား ညှိနှိုင်းဆွေးနွေးပေးခဲ့ပြီး လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲပိတ်ပွဲကို ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) က  အမှာစာကား ပြောကြားခဲ့ကြောင်းသိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm