Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ချောက်မြို့နယ်၌ Box Culvert လေးစင်းတည်ဆောက်ပြီးစီးမှု စစ်ဆေး


26 Dec,2023

ချောက် ဒီဇင်ဘာ ၂၂

            မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေရန် ရည်ရွယ်၍ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် သုံးဆင့်- ဆူးပုတ်တန်း ကျေးရွာချင်းဆက်လမ်း၌ Box Culvert လေးစင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်နှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များနှင့်အတူ သုံးဆင့်- ဆူးပုတ်တန်း ကျေးရွာချင်းဆက်လမ်း၌ Box Culvert လေးစင်း တည်ဆောက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး ချောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဇော်မင်းထွဋ်က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကျေးရွာ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

            ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ချောက်မြို့နယ် သုံးဆင့်-ဆူးပုတ်တန်း ကျေးရွာချင်းဆက်လမ်း၌ အရှည် သုံးပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ခြောက်ပေ Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၀၉ သိန်းဖြင့် တင်ဒါအောင်မြင်သော KZEN ကုမ္ပဏီက တာဝန်ယူ၍ ယခုနှစ် ဩဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာ ရှစ်ရွာမှ အိမ်ခြေ ၁၂ဝဝ ရှိ လူဦးရေ ၄၀၀၀ တို့ ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း ဦးစီးအရာရှိ(မြို့ပြ) ဦးဇော်မင်းထွဋ်ထံမှ သိရသည်။

ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm