စလင်း ဒီဇင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် မြေမိကုန်း- အရှေ့ချောင်းဖြူ-ကြူဝန်း ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ (မြို့ပြ) ဦးခိုင်မင်းစိုး၊ စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချစ်စုပြည့်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ စလင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး MCAE ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာက ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုရှင်းလင်းတင်ပြရာ မြို့နယ်တာဝန်ခံ ဒေါ်ချစ်စုပြည့်က လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။
မြေမိကုန်း-အရှေ့ချောင်းဖြူ- ကြူဝန်း ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေသုံးလက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၃၉၀ ဖြင့် MCAE ကုမ္ပဏီက ယခုနှစ် ဇူလိုင် ၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၅ဝ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်