Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးညှင်းမြို့နယ်၌ သမဝါယမအသင်းသားများ၏ မိုးစပါးရိတ်သိမ်းမှုအား ကွင်းဆင်း ကြည့်ရှု


26 Dec,2023

မိုးညှင်း ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် ဆောင်ရွက်သည့် အခြေခံသမဝါယမအသင်း ၁၃ သင်းမှ စိုက်ဧက ၄၄၂၉ ဧကတွင် ဆင်းဧကရီ-၃ စပါးမျိုးအား စိုက်ပျိုးထားရှိသည်။

ယခုအခါ စပါးများအချိန်မီရိတ်သိမ်းဆောင်ရွက်လျက်ရှိရာ ပင်းဟဲကျေးရွာ၊ ရွှေနေကြာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူ ဒေါ်ခင်မာအေး ၏ စိုက်ဧက ၁၂ ဧကတွင် ကောက်စိုက်သမ ၁၀ ဦးဖြင့် စပါးရိတ်သိမ်းပြီး ခြွေလှေ့စက်ဖြင့် ခြွေလှေ့ ဆောင်ရွက်နေမှုအား မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဦးကျော်မိုးလွင် နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုရာ တစ်ဧကလျှင် ပျှမ်းမျှစပါးတင်း ၉၀ မှ ၉၅ တင်းကြားထွက်ရှိကြောင်း၊ အဆိုပါစပါးရိတ်သိမ်းပြီး လယ်ဧကများတွင် ပဲပုတ် ၁၀ ဧကနှင့်နေကြာ ၂ ဧက ပြန်လည်စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm