ဘားအံ ဒီဇင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် အမှတ်(၁)အဆင့်မြင့်စံပြဈေး ကုန်ထုတ် လမ်း ဖောက်လုပ်နေမှုကို ဒီဇင်ဘာ ၂၃ရက် နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအဲဖောင်အွာနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ အမှတ်(၁)အဆင့်မြင့်စံပြဈေး ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းအဲဖောင်အွာက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
ဘားအံမြို့နယ်၌ အမှတ်(၁)အဆင့်မြင့်စံပြဈေး ကုန်ထုတ်လမ်း အရှည် နှစ်ဖာလုံ၊ အကျယ် ၁၆ပေ ၊ အမြင့် နှစ်ပေ ကျောက်ရောမြေခင်းခြင်းနှင့် အရှည် နှစ်ဖာလုံ၊ အကျယ် ၁၂ပေ၊ အမြင့် ကိုးလက်မရှိ ဂဝံလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၇ ဒသမ ၄၅၃သန်းဖြင့် ဇော်ထွေးကုမ္ပဏီက ယခုနှစ် ဇွန်လ တတိယပတ်က စတင်ဆောင် ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကုန်ထုတ်လမ်း ဆောင်ရွက် ပြီးစီးပါက ကျေးရွာမှ ထွက်ရှိမည့် ဒေသထွက်ကုန်သီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့ ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်