မအူပင် ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးနေမှုနှင့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်နေမှုများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီး မှူးဦးနေထက်ရှိန်နှင့်အဖွဲ့သည်ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်၁၁:၃၀ နာရီကဝါးတောကျေးရွာအုပ်စု ဝါးတောကျေးရွာ၌နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၁၅.၀)သန်းနှင့်ကျေးရွာမှ ပြည်သူထည့်ဝင်လှူဒါန်း ငွေကျပ်(၃.၀)သန်း စုစုပေါင်းငွေကျပ် (၁၈.၀) သန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလု်ပငန်းစီမံကိန်း ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလု်ပငန်း ဆောင်ရွက်ပြီးစီးမှုအား စစ်ဆေးခဲ့ပြီး လမ်းရေရှည် အသုံးပြုနိုင်စေရေးအတွက်ဝိုင်းဝန်းထိန်းသိမ်းကြရန်၊ ကျေးရွာစိတ်ဓါတ်ဆောင်ပုဒ်နှင့်အညီ ကျေးရွာတွင် စည်းလုံးညီညွှတ်စွာဖြင့် မိမိကျေးရွာ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျေးရွာ ကော်မတီများအားမှာကြားခဲ့ပါသည်။
ဆက်လက်၍ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ၀၁.၁၂.၂၀၂၃ ရက်နေ့မှ ၁၅.၀၁.၂၀၂၄ရက်နေ့အထိ (၄၅) ရက်ကြာ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှု့အားပေးခဲ့ရာ သင်တန်းသူများကို သင်တန်းအား ဌာနမှ အခမဲ့ဖွင့်လှစ်ပေးသည့်အပြင် သင်တန်းပြီးဆုံးပါကကိုယ်ပိုင်စက်ချုပ်ဆိုင်ပြန်လည် ဖွင့်လှစ်နိုင်ရန်နှင့် အရင်းအနှီး အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ ရန်ပုံငွေထုတ်ချေးပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းအား မပျက်မကွက်တက်ရောက်ကြရန်၊ သင်တန်းထူးချွန်ဆုအဖြစ် အပ်ချုပ်စက်တစ်လုံးချီးမြှင့်ပေးအပ်သွား မည်ဖြစ်သည့်အတွက် သင်ခန်းစာများအား တတ်မြောက် စေရေး ကြိုးစားသင်ယူသွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်