Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာပေါင်းမြို့နယ် ကျောက်စရစ်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ တတိယအကြိမ်ထုတ်ချေး


24 Dec,2023

သာပေါင်း ဒီဇင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့

ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ရွှေစံအိုးကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ်မြောက်ထုတ်ချေးပေးခြင်းအား ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက  အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြသည်။

ထိုသို့ချေးငွေများထုတ်ချေးပေးရာတွင် သာပေါင်းမြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်တင်တင်နွယ်က မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက်လူ‌ေနမှုအဆင့်အတန်းကွာဟမှုကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ ရန်ပုံငွေများကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အသင်းသားများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါညွှန်ကြားချက်များနှင့်အညီ ချေးငွေရယူသည့်လုပ်ငန်းများအား အမှန်တကယ်အ‌ေကာင်အထည်‌ေဖာ်‌ေဆာင်ရွက်ကြရန်နှင့် ရန်ပုံငွေလေလွင့်မှုမရှိစေရေး ရှင်းလင်းပြောကြားပြပြီး ချေးငွေများထုတ်ချေးခြင်းအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့က ကျေးရွာမြစိမ်းရောင်ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ကျောက်စရစ်ကုန်းကျေးရွာမှ  စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူအသင်းသား စုစုပေါင်း ၁၂၈ ဦးတို့အတွက် ချေးငွေကျပ် ၃၃၅ သိန်းအား အသင်းသားများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သာပေါင်းမြို့နယ်မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်တင်တင်နွယ်ထံက သိရသည်။

 
 
 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm