Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ထောင်ဝိကွင်းအမှတ်(၁၁၈၄)ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု စစ်ဆေး


23 Dec,2023

ဘားအံ   ဒီဇင်ဘာ   ၂၃

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ထောင်ဝိကွင်းအမှတ်(၁၁၈၄) ကုန်ထုတ် လမ်း ဖောက်လုပ်နေမှုကို ဒီဇင်ဘာ ၂၂ရက် နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသူရလွင်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင် များနှင့်အတူ ထောင်ဝိကွင်းအမှတ်(၁၁၈၄)ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီး အောင် ဆောင်ရွက်ကြရန် မှာကြားသည်။

ဘားအံမြို့နယ်၌ ထောင်ဝိကွင်းအမှတ်(၁၁၈၄)ကုန်ထုတ်လမ်း အရှည် တစ်မိုင်၊ အကျယ်ပေ ၂၀၊ အမြင့် သုံးပေ ကျောက်ရောမြေခင်းခြင်းနှင့် အရှည် တစ်မိုင်၊ အကျယ် ၁၆ပေ၊ အမြင့် ကိုးလက်မရှိ ဂဝံခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၁၀၈ ဒသမ ၄၀၅သန်းဖြင့် ငွေစင်ဆန်းသစ်ကုမ္ပဏီက ယခုနှစ် မေလ စတုတ္ထပတ်က စတင်ဆောင် ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လမ်း ဆောင်ရွက် ပြီးစီးပါက ကျေးလက်နေ ပြည်သူများအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြား လူမှုရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm