မြိတ် ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်)စီမံကိန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း သမဝါယမကဏ္ဍမှ သွင်းအားစု/မျိုးစပါးများကို သမဝါယမ အသင်းသားတောင်သူများကို မတည်ပံ့ပိုးဆောင်ရွက်ခဲ့ရာ တောင်သူများ၏ မိုးစပါးစိုက်ဧကများ ယခင်နှစ်ကထက် စပါးအထွက်နှုန်းပိုမိုထွက်ရှိခဲ့ကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။
မြစိမ်းရောင်စီမံကိန်းဖြင့် အခြေခံသမဝါယမအသင်း(၁၂)သင်းမှ မိုးစပါးစိုက်ဧက(၃၀၀၀)တွင် ဆင်းသုခ/ ပေါ်ဆန်းရင်/ GW-11 မျိုးစပါးများ စိုက်ပျိုးဆောင်ရွက်ခဲ့ကြပြီး ယခုစပါးရိတ်သိမ်းရာသီတွင် သမဝါယမအသင်း(၁၀)သင်းမှ ရိတ်သိမ်းဆောင်ရွက်လျက်ရှိရာ မြိတ်မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကာ အသင်းသားတောင်သူများမှ စိုက်ဧက (၈၁၄)ဧက ရိတ်သိမ်းခဲ့ကြပြီးဖြစ်၍ ယခင်နှစ်က တစ်ဧကလျှင်တင်း(၇၀)ထွက်ရှိ၍ ယခုနှစ်တွင် တစ်ဧကလျှင်တင်း(၈၀)ထွက်ရှိခဲ့ကြကြောင်း သိရသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်နှင့် (၁)ဧကအထွက်နှုန်းတိုးစေရန်အတွက် သမဝါယမဦးစီးဌာနမှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူ(၄၁၄)ဦး၏ စိုက်ဧက(၃၀၀၀)အတွက် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ မျိုးစပါး၊ သွင်းအားစုများကို မတည် ထောက်ပံ့ပေးအပ်ခဲ့ရာ ယခုစပါးရိတ်သိမ်းရာသီတွင် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧကများ ယခင်နှစ်ကထက် စပါးအထွက်နှုန်း ပိုမိုထွက်ရှိခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်