Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


22 Dec,2023

အောင်လံ ဒီဇင်ဘာ ၂၁

            မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကရင်စမ်း-တံဘိုးကြိုး-ဖွတ်ချေးထူး-ချင်စခန်းကြီးကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဘိုမင်းနှင့် ဌာနအရည်အသွေးစစ်ဆေးရေးအဖွဲ့တို့က ကရင်စမ်း-တံဘိုးကြိုး-ဖွတ်ချေးထူး-ချင်စခန်းကြီး ကျေးရွာချင်းဆက်လမ်း မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ဦးစီးအရာရှိ (မြို့ပြ) ဦးဘိုမင်းက လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

            အောင်လံမြို့နယ် ကရင်စမ်း-တံဘိုးကြိုး-ဖွတ်ချေးထူး-ချင်စခန်းကြီး ကျေးရွာချင်းဆက်လမ်းအရှည် နှစ်မိုင် ခြောက်ဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ်လက်မ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို ယခုဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ် ၉၉ ဒသမ ၃ သန်းဖြင့် အာရှမာန်ကုမ္ပဏီက ဩဂုတ်လ တတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည်။

         အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာ လေးရွာရှိ အိမ်ခြေ ၂၆၉ အိမ်၊ လူဦးရေ ၁၁၉၉ ဦးတို့အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေးများကောင်းမွန်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးဘိုမင်းက ပြောပြ၍ သိရသည်။

ကိုလှိုင်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm