Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းလှမြို့နယ်၌ ကျေးလက်လမ်းများ အဆင့်မြှင့်တင်


22 Dec,2023

အထက်မင်းလှ ဒီဇင်ဘာ ၂၁

           မင်းလှမြို့နယ်အတွင်း၌ ကျေးရွာချင်းဆက်လမ်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြေနီလမ်းနှင့် ကျောက်ချောလမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဒီဇင်ဘာ ၂၁ ရက်က ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

         လမ်းလုပ်ငန်းများအနက် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကဒေါင်းကျင်း- မကျီးကိုင်း- လက်ပံတံခါး ကျေးရွာချင်းဆက်လမ်း အရှည် နှစ်မိုင်၊ ကတဲ-ပုသိမ်-မုံရွာလမ်း အရှည် ၂ မိုင်၂ ဖာလုံ ၊ အိုင်းမကံ-လည်လျားရှည် လမ်းအရှည် နှစ်မိုင်တို့တွင် အကျယ် ၁၈ ပေ မြေနီလမ်းခင်းခြင်း၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ပေတောကုန်း-စမ်း (ကံ)- လင်းကယ်- သရက်-မင်းလှ လမ်းအရှည် (၃/၁)မိုင်၊ ပရဆိုင်-ကောက်ကလိမ်-ပနီဆုံ လမ်းအရှည် လေးမိုင်တွင် အကျယ် ၁၈ ပေ မြေနီခင်းခြင်း၊ ဒေါင်းဘုတ်-သရက်-မင်းလှ လမ်းအရှည် (၀/၄)မိုင်တွင် အကျယ် ၁၆ ပေ ကျောက်ချောလမ်းခင်းခြင်းနှင့် ညှင်းသွန်း- ဘွဲ့ - သရက်-မင်းလှလမ်းပေါ်၌ အကျယ်ပေ ၁၈၀ မြေထိန်းနံရံဆောင်ရွက်ခြင်းစသည့် လုပ်ငန်းခုနစ်ခုကို စုစုပေါင်းရန်ပုံငွေကျပ် ၆၁၈ ဒသမ ၄၀၉ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm