Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တန်ဖိုးမြှင့်Bakeryအမျိုးမျိုးထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်


21 Jun,2022

စစ်ကိုင်း၊ ဇွန်(၂၁)
     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊စစ်ကိုင်းခရိုင်ရုံးမှကြီးမှူး၍ စစ်ကိုင်းမြို့အတွင်းကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခန်းမ၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို (၂၀.၆.၂၀၂၂)နံနက်၁၀နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
    သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး၊မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ခရိုင်စာရင်းစစ်ရုံးမှ ခရိုင်ဦးစီးမှူး၊ခရိုင်စီမံကိန်းဦးစီးရုံးမှ ခရိုင်ဦးစီးမှူး၊စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများ နည်းပြနှင့် သင်တန်းသား/သူ(၂၀)ဦးတို့တက်ရောက်ကြပီးစစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကား​နှင့်သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်း​ပြောကြားခဲ့ပါသည်။
    အဆိုပါသင်တန်းကို (၂၁.၆.၂၀၂၂) မှ (၂၆.၆.၂၀၂၂)ရက်နေ့ထိ (၇)ရက်ကြာ တန်ဖိုးမြှင့်Bakeryအမျိုးမျိုးထုတ်လုပ်မှုနည်းများအား စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm