ဘိုကလေး ဒီဇင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village)ဆောင်ရွက်လျက်ရှိသည့် ငွေတောင်စံခေတ်မီစံပြကျေးရွာ၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း နှင့် မီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်လင်းနိုင်က ခေတ်မီစံပြကျေးရွာထူထောင်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဘိုကလေးမြို့နယ် ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး ဒေါ်မြင့်မြင့်မော်က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အသိပညာများကို ဆွေးနွေးပြောကြားပြီး ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းအောင်က မီးဘေးအန္တရာယ်ကြိုတယ်ကာကွယ်ရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေး ဆွေးနွေးပြောကြားသည်။
အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဦးစီးဌာနများမှ တာဝန်ရှိသူ ၁၂ ဦးနှင့် ငွေတောင်စံခေတ်မီစံပြကျေးရွာရှိ ကျေးရွာသူ/သား ၅၀ ဦး တက်ရောက်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်