Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ်ဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


22 Dec,2023

သန်လျင်၊ ဒီဇင်ဘာ ၂၂

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပါမောက္ခချုပ်ဖလား အမျိုးသား ဘောလုံးအားကစားပြိုင်ပွဲကို ၁၈-၁၂-၂၀၂၃ ရက်နေ့မှ ၂၂-၁၂-၂၀၂၃ ရက်နေ့အထိ သန်လျင်မြို့နယ်၊ သီဟဒီပအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ပါမောက္ခချုပ်ဖလား အမျိုးသား ဘောလုံး အားကစားပြိုင်ပွဲတွင် စာရင်းကိုင်ပညာနှင့်ဘဏ္ဍာရေးပညာအထူးပြုဘာသာရပ်အသင်း၊ ဈေးကွက်ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်အသင်း၊ အသုံးချစာရင်းအင်းပညာ အထူးပြုဘာသာရပ်အသင်း၊ ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုဘာသာရပ်အသင်း၊ လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်အသင်းနှင့် ပထမနှစ်သင်တန်းအသင်း၊ စုစုပေါင်း အသင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားအား ၂၂-၁၂-၂၀၂၃ ရက်နေ့ ၁၇:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဦးတင်သိန်း၊ ဒုတိယပါမောက္ခချုပ် (သင်ကြား) ဒေါ်မြင့်မြင့်စိန်၊ စီမံခန့်ခွဲရေးဌာနနှင့် သင်ကြားရေးဌာနများမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု့ အားပေး ခဲ့ကြသည်။

          ဗိုလ်လုပွဲတွင်“အသုံးချစာရင်းအင်းပညာအထူးပြုဘာသာရပ်အသင်း” နှင့် “လူမှုစီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြုဘာသာရပ်အသင်း”တို့ ယှဉ်ပြိုင်ကစားခဲ့ရာ “အသုံးချစာရင်းအင်း ပညာအထူးပြုဘာသာရပ်အသင်း”မှ ( ၁: ၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဆက်လက်၍ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက ပထမဆု ရရှိသော “အသုံးချစာရင်းအင်းပညာအထူးပြုဘာသာရပ်အသင်း” အား ဆုဖလား၊ ဂုဏ်ပြုဆုငွေနှင့် တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် (စီမံ)ဦးဦးတင်သိန်းက ဒုတိယဆုရရှိသော “လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာအထူးပြု ဘာသာရပ်အသင်း”အား ဂုဏ်ပြုဆုငွေနှင့် တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း၊ တက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ သင်တန်းရေးရာဌာနမှူး၊ ဦးဇော်မိုးအောင်က တတိယဆုရရှိသော “ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြုဘာသာရပ်အသင်း” အား ဂုဏ်ပြုဆုငွေနှင့် တစ်ဦးချင်းဆုတံဆိပ်များအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm