Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေနံချောင်းမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


21 Dec,2023

ရေနံချောင်း ဒီဇင်ဘာ ၂ဝ `

               မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဖန်းခါးစမ်း-သန်းပင်ကုန်း-အလယ်ကန် ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိမြို့ပြ) ဒေါ်နှင်းပုလဲထွေးနှင့် တာဝန်ခံ အင်ဂျင်နီယာများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေနံချောင်းမြို့နယ် ဖန်းခါးစမ်း- သန်းပင်ကုန်း - အလယ်ကန်ကျေးရွာချင်းဆက်လမ်း မြေနီခင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ)ဒေါ်နှင်းပုလဲထွေးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

       အဆိုပါ ဖန်းခါးစမ်း-သန်းပင်ကုန်း-အလယ်ကန် ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင် ခြောက် ဖာလုံ၊ အကျယ် ၁၈ ပေ အမြင့် ရှစ်လက်မ မြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၆၄ ဒသမ ၆၅၅ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ဇွန်လ တတိယပတ်မှစ၍ လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

       အဆိုပါ ကျေးရွာချင်းလမ်း ဖောက်လုပ်နိုင်မှုကြောင့် ဖန်းခါးစမ်း၊ သန်းပင်ကုန်း၊ အလယ်ကန် ကျေးရွာနေ ပြည်သူများ အတွက် ရာသီမရွေး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မှ သိရသည်။                                                                                                                                              

သန်းလွင်(မကွေး)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm