Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့တွင် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်


21 Jun,2022

မြစ်ကြီးနား၊ ဇွန် ၂၁
 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အခြေခံစက်ချုပ်သင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် မြစ်ကြီးနားရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ဖွင့်လှစ်ရာ  အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် သင်တန်းသားများဖြစ်ကြသည့် ဒေသခံ တိုင်းရင်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခတ်ထိန်နန်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်က သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဌာန၏လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
 အဆိုပါ သင်တန်းတွင် စက်နင်းလေ့ကျင့်ခြင်းနှင့် ရင်စေ့အင်္ကျီ၊ ရင်ဖုံးအင်္ကျီ၊ ရှပ်အင်္ကျီ၊ ဘောင်းဘီ၊ စကတ်(၃ လွှာ၊ ၄ လွှာ)၊ ဂါဝန်တို့ကို Pattern ရေးဆွဲနည်းနှင့် ချုပ်နည်းတို့ကို (၃၀)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 ယခုကဲ့သို့ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် တိုင်းရင်းသား လူငယ်များသည် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ပြီး လက်တွေ့လူမှုဘဝတွင် လုပ်ငန်းရှင်များ၊ အတတ်ပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်၍ အိမ်တွင်းတနိုင်တပိုင် ကိုယ်ပိုင်လုပ်ငန်းငယ်လေးများ ထူထောင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm