Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကွန်ဟိန်းမြို့နယ်၊ ပါဖကျေးရွာ၌ VDPစီမံကိန်းဖြင့် ‌ ကျေးရွာအတွင်းသစ်သားတံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှု စစ်ဆေး


21 Dec,2023

ကွန်ဟိန်း ဒီဇင်ဘာလ ၂၁ ရက်
 
========================
 
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ရှမ်းပြည်နယ်( တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က  ကျေးလက်နေ ပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေ လွယ်ကူစေပြီး ရာသီမရွေး သွားလာနိုင်ရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် သစ်သားတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု
အခြေအနေများကို ယနေ့နံံနက်ပိုင်းက မြို့နယ်ဦးစီးမှူး  နှင့် တာဝန်ရှိသူများမှ ကျိုင်းလွန်း
ကျေးရွာအုပ်စု၊ ပါဖကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။
 
 
‌ထိုသို့ကွင်းဆင်းစစ်ဆေးရာ  ကွန်ဟိန်းမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်း  ၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများသည်  ပါဖကျေးရွာတွင် အရှည်  ၂၁ပေ၊ အကျယ် ၁၄ပေ၊ အမြင့် ၇ ပေရှိ ကျေးရွာတွင်းသစ်သားတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က ကျေးရွာသူ/သားများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းကို ရေရှည်တည်တံ့အောင် ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။
 
အဆိုပါ ကျေးရွာတွင်းသစ်သားတံတားတည်ဆောက်ခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းပံ့ပိုးရန်ပုံငွေကျပ် (၁၅၀)သိန်းကို အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင် ဩဂုတ်လ စတုတ္ထအပတ်မှ စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး   ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍  အဆိုပါကျေးရွာရှိ   အကျိုးပြုအိမ်ခြေ(၄၄)အိမ်၊လူဦးရေ(၂၀၅)ဦးတို့ကို အကျိုးပြုနိုင်ခဲ့ကြောင်း  ကွန်ဟိန်းမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်း ထံမှ သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm