နေပြည်တော် ဒီဇင်ဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အိမ်ခြေ (၅၃၃) အိမ်၊ လူဦးရေ (၁၉၉၈) ဦးရှိ ရမည်းသင်းမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာ ကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ လယ်မြေ (၁၀၈၅) ဧက၊ ယာမြေ (၉၁၈.၁) ဧကရှိသည့်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်၍ မိုးစပါးစိုက်ပျိုးရေး၊ ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးတို့ကို အောင်မြင်အောင်ဆောင်ရွက်ရန်၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း RBF ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော ဝက် ၆၈ ကောင်မွေးမြူရေး လုပ်ငန်းကို တိုးချဲ့ဆောင်ရွက်ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ယခုဘဏ္ဍာနှစ် ဖွင့်လှစ်မည့် သံဂဟေဆက်သင်တန်းတွင် ပါဝင်တက်ရောက်သင်ယူပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်နိုင်သည်အထိ ကြိုးပမ်းကြရေးနှင့် လာမည့်နှစ်တွင်ဖွင့်လှစ်ပေးမည့် ဆိုင်ကယ်ပြင်သင်တန်း တွင်လည်း တက်ရောက်သင်ယူကြရေး မှာကြားသည်။
ယင်းနောက် ကျေးရွာလူထု၏ ကုန်ထုတ်လမ်းဖောက်လုပ်ပေးရေးနှင့် ရေမြောင်းဖောက်လုပ် ပေးရေး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်စီးပွားမြင့်မာရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း RBF ရန်ပုံငွေဖြင့် ဝက်မွေးမြူထားမှုအားလည်းကောင်း၊ ကျေးရွာတွင်းလမ်း ပေ ၅၅၀ ကွန်ကရစ်ခင်း ခြင်းနှင့် ပေ ၉၀၀ ရေမြောင်းအုတ်စီခြင်းလုပ်ငန်းတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ် သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါစံပြကျေးရွာအတွက် သောက်သုံးရေ ရရှိရေးလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အနက်ပေ ၆၀၀ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေဂါလံ (၂၄၀၀) ဆံ့ အမြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသာ ရွာတန်း-သဲကျွန်း-ရွှေဒါးလမ်း ကျောက် ချောခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြ ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ရမည်းသင်းခရိုင်နှင့် ရမည်း သင်းမြို့နယ်မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် စေတနာ ထား ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက နိုဝင်ဘာလ တွင် ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ တက်ရောက်ခဲ့ပြီး ကိုယ်တိုင်ကလည်း စပျစ် ၄ ဧကစိုက်ပျိုးကာ စပျစ်ဝိုင်ထုတ်လုပ်နေသော လုပ်ငန်းရှင် ဒေါ်စိုးစိုးမော် ၏ လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ ကိုယ်တိုင် စပျစ် ၂.၅ ဧက စိုက်ပျိုးပြီး ဝိုင် ထုတ်လုပ်နေသော လုပ်ငန်းရှင် ဦးခင်မောင်ဇော်၏ လုပ်ငန်းအားလည်းကောင်း ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။