Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်


20 Dec,2023

နတ်တလင်း၊ ဒီဇင်ဘာ ၂၀

             သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ  ပြည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် သဲကုန်းမြို့နယ်၊ မူယာတောကျေးရွာတွင် "ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း"ဖြင့် စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်လိုသူ သင်တန်းသား(၁၆)ဦးအား တန်ဖိုးမြှင့်စားသောက်ကုန်(Bakery)ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နတ်တလင်းမြို့နယ်၊ မှန်တန်းကြီးစံပြကျေးရွာတွင် "အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း"ဖြင့် ဝါးလက်မှုထည်လုပ်ငန်း လုပ်ကိုင်လိုသူ သင်တန်းသား (၁၅) ဦးအား ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းတို့ကို ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ် မြောက်အောင် သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။

               အဆိုပါ သင်တန်းတစ်ခုချင်းစီမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသော ထူးချွန် သင်တန်းသား (၅)ဦးစီ စုစုပေါင်း သင်တန်းသား (၁၀)ဦးအား ကိုယ်ပိုင်လုပ်ငန်း ထူထောင်ပေးနိုင်ရန် အတွက် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နတ်တလင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသ ကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ နတ်တလင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ MSME အေဂျင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

            ထို့နောက် ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် နတ်တလင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၁၀)ဦးကို သင်တန်းသား တစ်ဦး လျှင် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm