မော်လမြိုင် ဒီဇင်ဘာ ၂၁
သမဝါယမစာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)မှ ဒုတိယနှစ် သင်တန်းသား/သူများသည် စာရင်းရေး စာရင်းကိုင်သင်ခန်းစာများကို လက်တွေ့ကွင်းဆင်းဆောင်ရွက် ခြင်းအား မော်လမြိုင်မြို့ပေါ်ရှိ Cindrella Hotel နှင့် King Myanmar သောက်ရေသန့်စက်ရုံများသို့ ဒုတိယနှစ်သင်တန်းသား/သူ ၃၅ ဦးအား အဖွဲ့ ၂ ဖွဲ့ခွဲ၍ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ အဖွဲ့ ၁ တွင် ကထိက ဒေါ်အေးမြသက်က ကြီးကြပ်သူအနေဖြင့် လိုက်ပါ၍ King Myanmar သောက်ရေသန့် စက်ရုံသို့လည်းကောင်း၊ အဖွဲ့ ၂ တွင် ကထိက ဒေါ်မူယာနေဝင်းက ကြီးကြပ်သူအနေဖြင့် လိုက်ပါ၍ Cindrella Hotel သို့လည်းကောင်း သွားရောက်လေ့လာခဲ့ကြပြီး ကြီးကြပ်သူများဖြင့် အဖွဲ့လိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်