Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှု စစ်ဆေး


21 Dec,2023

မကွေး  ဒီဇင်ဘာ ၂၀

       မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဘုရားပြိုမြောက်-ဘုရားပြိုတောင် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ဦးနေအောင်ဆန်း၊ မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ဇင်လတ်နှင့် တာဝန်ရှိသူများက ဘုရားမြောက်-ဘုရားပြိုတောင်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးနေအောင်ဆန်းက မကွေးအောင်မင်းကုမ္ပဏီမှ တာဝန်ရှိသူများကို လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

             မကွေးမြို့နယ်ဘုရားပြိုမြောက် - ဘုရားပြိုတောင် ကျေးရွာချင်းဆက်လမ်း အရှည် ၁ မိုင် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခုနစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၂၉ ဒသမ ၂ သန်းဖြင့် မကွေးအောင်မင်းကုမ္ပဏီ က ယခုနှစ် ဇူလိုင်လ တတိယပတ်မှ စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ဘုရားပြိုမြောက်ကျေးရွာနှင့် ဘုရားပြိုတောင် ကျေးရွာရှိ အိမ်ခြေ ၃၇၃၊ အိမ်မှ လူ ၁၄ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘာသာရေး ကိစ္စရပ်များအတွက် သွားလာရလွယ်ကူစေမည်ဖြစ်ကြောင်း သိရသည်။               

ကိုညို


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm