Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားပိုင် မိုးစပါးများ ရိတ်သိမ်း


19 Dec,2023

တောင်ကြီး ဒီဇင်ဘာ ၁၉

          ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်၊ မိုင်းပျိုးကျေးရွာအုပ်စု၊ ကျေးထပ်ကျေးရွာရှိ မြပုလဲစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ အသင်းသား ၄၃ ဦးပိုင် လယ်ယာမြေဧက ၂၇၂ ဧကတွင် ရွှေရင်အေးစပါးရိတ်သိမ်းချွေလှေ့ခြင်းကို ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုခဲ့သည်။

          အဆိုပါ မြပုလဲစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းသို့ ညောင်ရွှေ မြို့နယ်သမဝါယမအသင်းစုမှ တစ်ဧကလျှင် စိုက်ပျိုးရေးသွင်းအားစု နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများ တန်ဖိုးငွေကျပ် ၅၄၄ သိန်း ထောက်ပံ့ပေးခဲ့ပြီး တစ်ဧကလျှင်စပါးတင်း ၉၀ နှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်