Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေကျင်မြို့တွင် ဆပ်ပြာရည်အမျိုးမျိုးပြုလုပ်နည်း သင်တန်းဖွင့်လှစ်


21 Jun,2022

ရွှေကျင်၊ ဇွန် ၂၁

         သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်း တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် ရွှေကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၊ ရွှေကျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။

         ယခုဖွင့်လှစ်သင်ကြားပေးလျက်ရှိသော သင်တန်းတွင် ပန်ကန်ဆေးဆပ်ပြာရည်နှင့် ရေချိုး ဆပ်ပြာရည်အမျိုးအမျိုး ပြုလုပ်ပုံတို့ကို ဇွန်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm